Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-ထ-က (၂) ကျောင်းတွင် စားသုံးသူအသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများပြုလုပ်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ အကြောင်းအရာများကိုသိရှိနားလည်နိုင်စေရေးရည်ရွယ်၍ အခြေခံပညာစာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြည်မြို့၊ အ-ထ-က (၂) အခြေခံပညာစာသင်ကျောင်း၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

  အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်အေးမျိုးရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းစဉ်များအကြောင်း၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဌာနခွဲနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ  (တာဝန်ခံ) ဦးစီးမှူး ဦးနိုင်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာနမှ ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများရရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်မည့်ပုဂ္ဂိုလ်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း စသည်တို့ကို  Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ဆွေးနွေးပွဲသို့ ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၁၆၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)