Main menu

ပြည်ခရိုင်အတွင်း အသင့်သောက်အချိုရည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုရယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရေးရည်ရွယ်၍ ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၁၆-၈-၂၀၂၃)ရက်နေ့တွင် ပြည်မြို့၊ မြို့မဈေးသို့လည်းကောင်း၊ ရွှေတောင်မြို့၌ (၉-၈-၂၀၂၃)ရက်နေ့တွင် သရက်တောရပ်ကွက်နှင့် (၁၁-၈-၂၀၂၃) ရက်နေ့တွင် ယွန်းတန်းရပ်ကွက်သို့လည်းကောင်း၊ ပန်းတောင်းမြို့၌ (၃-၈-၂၀၂၃)ရက်နေ့တွင် မြို့ပေါ်ရှိ ကုန်စုံဆိုင်၊ (၉-၈-၂၀၂၃)ရက်‌နေ့တွင် ဆင်တဲဈေးအရှေ့ဘက်ရှိ ကုန်စုံဆိုင်၊ (၁၁-၈-၂၀၂၃)ရက်နေ့တွင် နတ်မောက်ကျေးရွာရှိ ကုန်စုံဆိုင်နှင့် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ညောင်ညိုရိပ်လမ်းဆုံရှိ ကုန်စုံဆိုင်သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ မြို့မဈေးသို့ (၁၄-၈-၂၀၂၃)ရက်နေ့တွင်လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်သော ပူးပေါင်းအဖွဲ့ဝန်ထမ်းများသည် သွားရောက်ကွင်းဆင်း၍ အသင့်သောက်အချိုရည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ပြည်ခရိုင်အတွင်း ဈေးကွက်များ၌ရောင်းချနေသော အသင့်သောက်အချိုရည်များ၏ ကုန်အညွှန်းအမှတ်အသားရေးသားဖော်ပြခြင်းများမှာ ပြည့်စုံမှန်ကန်မှုရှိကြောင်း၊ ရောင်းချနေသောလုပ်ငန်းရှင်များအားလည်း စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများလည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)