Main menu

ပြည်၊ ရွှေတောင်မြို့နယ်ရှိ လုပ်ငန်းရှင်များအား ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ခရိုင်အတွင်း ပြည်မြို့၌ (၄-၈-၂၀၂၃)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ခရမ်းကုန်း၊ ပြည်သာယာရပ်ကွက်ရှိ  ဦးတင်အောင်ဖြူ၏ ‘ဝေဖြိုး’ ပဲကြော်လုပ်ငန်းသို့လည်းကောင်း၊ (၇-၈-၂၀၂၃)ရက်နေ့၊ နံနက် (၈:၃၀)နာရီအချိန်တွင် ရွာဘဲနယ်မြေ၊ မူယာပင်ရပ်ကွက်အတွင်းရှိ ဒေါ်တင်ကြည်၏ ‘ပဲလှော်လုပ်ငန်း’ သို့လည်းကောင်း၊ ရွှေတောင်မြို့၌ (၈-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရန်ကုန် - ပြည်လမ်း၊ ကြာနီကန်ရပ်ကွက်ရှိ ဦးရဲမျိုးအောင်၏ ‘သရဖူ’ ဆန်စက်သို့လည်းကောင်း၊ (၁၅-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန် - ပြည်လမ်းရှိ  ဦးမိုးကြီး၏ ‘ရွှေမိုးဟိန်း’ စက်သုံးဆီဆိုင်သို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)