Main menu

ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်းများစတင်ရိတ်သိမ်း

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ၂၀၂၃ခုနှစ်၊ဩဂုတ်လမှစ၍ မိုးနှမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ မိုးနှမ်းများစိုက်ပျိုးချိန်တွင် ပေါက်ခေါင်းမြို့နယ်အနေဖြင့် မိုးနှမ်းစိုက်ပျိုးဧကမှာ (၃၈၀၀၀)ကျော်စိုက်ပျိုးခဲ့ပြီး စိုက်ပျိုးသည့်မျိုးမှာ နှမ်းနက်အမျိုးအစားဖြစ်ကြောင်းသိရပါသည်။ ယခင်နှစ်တွင် ရာသီဥတုမမှန်ခဲ့၍ တစ်ယောက်စိုက်လျှင် (၇)တင်းခန့်ထွက်ရှိကြောင်းသိရပါသည်။ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်၍ အပင်ပေါက်ကောင်းသဖြင့် အထွက်နှုန်းလည်းကောင်း၍ တစ်ယောက်စိုက်လျှင် (၁၀)တင်းခန့်ထွက်ရှိသဖြင့် တစ်ဧကလျှင် တင်း(၄၀)ခန့်ထွက်ရှိကြောင်းသိရပါသည်။  နှမ်းဈေးနှုန်းအနေဖြင့်လည်း ယခင်နှစ်တွင် နှမ်းနက်တစ်တင်းလျှင် (၇၀၀၀၀-၈၀၀၀၀)ကျပ်ခန့်ရှိသော်လည်း ယခုနှစ်၊ မိုးနှမ်းစတင်ပေါ်ခါစတွင် နှမ်းနက်တစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ခန့်ဈေးပေး၍ ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။

    ထို့ကြောင့် မိုးနှမ်းစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် မိုးနှမ်းများမှာ အထွက်ကောင်း၊ ဈေးလည်းကောင်းသဖြင့် အကျိုးအမြတ်များစွာရရှိကြောင်းသိရှိရပါသည်။ နှမ်းစိုက်တောင်သူများအနေဖြင့်လည်း ပင်ပန်းသလောက် အကျိုးအမြတ်များစွာရရှိသဖြင့် နောက်နှစ်တွင်လည်း တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)