စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အ-မ-က (လွန်) တေဇကျောင်းတွင် (၁၆-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်သက်ယမုံဖူးက စားသုံးသူရေးရာဦးစီးဌာနမှပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ ကုန်စည်များကိုရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များအကြောင်း စသည်တို့ကို မူလတန်းအရွယ်နှင့်လိုက်သော ဥပမာများဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းရှိ ဆရာ/ဆရာမများအားလုံးနှင့် မုန့်ဈေးတန်းရောင်းချသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကျောင်းသူ/ကျောင်းသားနှင့် ဆရာ/ဆရာမများစုစုပေါင်း (၁၀၆)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ မူလတန်း(လွန်)တေဇကျောင်းမုန့်ဈေးတန်း၌ ရောင်းချလျက်ရှိသောမုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟတားမြစ်ထုတ်ပြန်ထားသောအစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ကိုက်ညီမှုရှိသော ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာရောင်းချကြရန် အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)