Main menu

ပြည်ခရိုင်၊ ပြည်မြို့နယ်(အ-မ-က)လွန် အောင်မြေသာယာကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ အခြေခံပညာ(အ-မ-က)လွန် အောင်မြေသာယာကျောင်းသို့ (၁၇-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် သွားရောက်၍ ဆရာ/ဆရာမများနှင့် ကျောင်း သား/ကျောင်းသူ (၇၆)ဦးအား စားသုံးသူအသိပညာပေးဆွေးနွေးခဲ့ပါသည်။

   အဆိုပါ ဟောပြောဆွေးပွဲတွင် ပြည်မြို့နယ်တာဝန်ခံနှင့်အတူ ပြည်ခရိုင်ရုံးမှ ဝန်ထမ်းများက ပူးတွဲ၍ဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေးဟောပြောခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲမှ  အငယ်တန်းစာရေး ဒေါ်အိသပြေခင်က စားသုံးသူရေးရာဦးစီးဌာနမှပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏အဓိပ္ပါယ်၊ စားသုံးသူများသိရှိရမည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြား၊ ကုန်စည်များရွေးချယ်ကိုဝယ်ယူရာတွင် သတိပြုရမည့် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်ဆိုင်ရာအချက်များ စသည့်အကြောင်းအရာများကို မူလတန်းအရွယ်နှင့်လိုက်သော ဥပမာများပေးကာ အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။ ကျောင်းသား/ကျောင်းသူများထဲမှ သိရှိလိုသည့် အကြောင်းအရာများအားမေးမြန်းခဲ့ရာ တစ်ချက်ချင်းပြန်လည်ဖြေကြားရှင်းလင်းပေးခဲ့ပါသည်။

     ထို့နောက် ကျောင်းမုန့်ဈေးတန်းသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မုန်ဈေးတန်းရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော မုန့်များကိုသာရောင်းချကြရန်၊ ဘေးအန္တရာယ်ဖြစ်စေတတ်သော မုန့်များကိုရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်းများဖြန့်ဝေခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)