ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ညောင်လေးပင်ခရိုင်တွင် အခြေခံစားသုံးကုန်ဖြစ်သောကြက်ဥများကို စီးပွားဖြစ်လုပ်ကိုင်နေကြပါသည်။ကြက်ဥကို အဓိကစီးပွားလုပ်ငန်းအနေဖြင့်လုပ်ကိုင်လျက်ရှိပြီး စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်ဥများမှာ အရွယ်အစားအလိုက် စျေးနှုန်းများလည်းကွာခြားလျက်ရှိသည်။ ညောင်လေးပင်မြို့မဈေးအတွင်းရှိ ကြက်ဥဒိုင်များရောင်းချနေသော ကြက်ဥတစ်လုံးစျေးနှုန်းများမှာ ကြက်ဥအကြီးတစ်လုံးလျှင် (၃၀၀) ကျပ်ခန့်၊ ကြက်ဥအလတ်တစ်လုံးလျှင် (၂၈၀) ကျပ်ခန့်၊ ကြက်ဥအသေးတစ်လုံးလျှင် (၂၆၀) ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
ညောင်လေးပင်ခရိုင်အတွင်းရှိ ကြက်ဥဒိုင်ကြီးများသည် မြို့နယ်အတွင်းသာမက ကျောက်တံခါးမြို့နယ်အတွင်းသို့ပါ ဖြန်ဖြူးရောင်းချလျက်ရှိပြီး နီးစပ်ရာကျေးရွာများသို့လည် ကြက်ဥကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)