ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြိုနယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် (၁၆-၈-၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ဒိုက်ဦးမြို့၊ မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များသို့သွားရောက်၍ အချိုရည်မျိုးစုံ၌ ကုန်အညွှန်းအမှတ်သားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားမှုရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)