
နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း တောင်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်သောခြံမြေများပေါ်တွင် ကွမ်းရွက်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပါသည်။ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းတိုင်တစ်ထောင် စတင်စိုက်ပျိုးချိန်၌ ကုန်ကျငွေသိန်း(၂၀)ကျပ်ကုန်ကျစရိတ်ရှိပြီး စတင်စိုက်ပျိုးပြီးနောက် (၃)လကျော်သည့်အခါ (၁၅) ရက်လျှင်တစ်ကြိမ် ခူးဆွတ်ရကာ တစ်ကြိမ်ခူးလျှင် တိုင်တစ်ထောင်အနေဖြင့် ဆောင်းရာသီအချိန်တွင် ပိဿာချိန် (၈၀)မှ (၁၀၀)အထိထွက်ရှိပြီး မိုးရာသီအချိန်တွင် ပိဿာချိန် (၁၀၀)မှ ပိဿာချိန် (၁၂၀)အထိ၊ နွေရာသီတွင် ပိဿာချိန်(၄၀)မှ ပိဿာချိန် (၅၀) အထိထွက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် ကွမ်းရွက်တစ်ပိဿာလျှင် ပေါက်ဈေးမှာ (၃၀၀၀) ကျပ်ခန့်ရှိသော်လည်း နွေရာသီတွင် (၁၀၀၀၀) ကျပ်ခန့်ရှိသဖြင့် ကွမ်းစိုက်တောင်သူများမှာ ပုံမှန်ဝင်ငွေရလျက်ရှိကြပါသည်။
ပေါင်းတည်မြို့နယ်အတွင်းမှထွက်ရှိသော ကွမ်းရွက်များကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှသိရှိရပါသည်။
DOCA(ပဲခူး)