Main menu

တောင်ငူမြို့ ဘုရင့်နောင်ဈေးတွင် ဂန္ဓမာပန်းများ ဈေးတက်

Powered by Drupal

     ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နေအိမ်များတွင် ဘုရားစင်အား အမြတ်တနိုးထားရှိကြသည်။ ဗုဒ္ဓဘာသာဝင် အိမ်ရှင်မများအနေဖြင့် နေအိမ်ရှိ ဘုရားစင်တွင် ဘုရားပန်းများ မညှိုးနွမ်းအောင် လဲပေးတတ်ကြသည်။ ထို့ကြောင့် မြို့တိုင်း၊ ဈေးတိုင်းတွင် ဘုရားပန်းသည်များဖြင့် စည်ကားလျက်ရှိပါသည်။

         တောင်ငူမြို့ ဘုရင့်နောင်ဈေးရှိ ဘုရားပန်းအရောင်းဆိုင်များတွင် မိုးရာသီတွင် စတင်ပေါ်သော ပန်းထိမ်ငိုပန်းမှာ ၁၀ တံပါ တစ်စည်း (အပွင့်သေး)လျှင် ကျပ် ၁၅၀၀ အပွင့်လှလျှင် ၁၀ တံပါ တစ်စည်း ၂၀၀၀ ကျပ်၊ နှင်းဆီပန်း ၁၀ ပွင့်ပါ တစ်စည်းလျှင်၂၀၀၀ ကျပ်၊ သစ္စာပန်း ၁၀ တံပါ တစ်စည်းလျှင် ၂၀၀၀ကျပ်၊ တရုတ်လီလီပန်း တစ်စည်းလျှင် ၄၅၀၀ကျပ် ရှိပါသည်။

       ဂန္ဓမာပန်းမှာ ယခင်က တစ်စည်းလျှင် ၅၀၀ ကျပ် ခန့်ရှိရာမှ ယခုဩဂုတ်လဒုတိယပတ်မှစ၍ တစ်စည်းလျှင် ၁၀၀၀ ကျပ်ခန့်ထိ ဈေးနှုန်းမြှင့်တက်သွားကြောင်း ဘုရင့်နောင်ဈေးတွင် ရောင်းချနေသော ပန်းသည်တစ်ဦးထံမှ သိရှိခဲ့ပါသည်။

DOCA(ပဲခူး)