Main menu

GACC သို့ ဆန်နှင်ဆန်ကွဲတင်ပို့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

Powered by Drupal

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) သို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရန်အတွက် လျှောက်ထားလာသည့်ကုမ္ပဏီများ၏ ဆန်စက်များနှင့် သိုလှောင်ရုံများအား မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးစမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးရေးမှူးများနှင့် (CTQM) ဌာနမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ ဆန်စက်များသို့ ကွင်းဆင်းခြင်းကို ဩဂုတ်လ၊ ဒုတိယအပတ်တွင်စတင်၍ ပေါင်းတည်မြို့နယ်၊ ထူးမြတ်ဆန်စက်၊ နတ်တလင်းမြို့နယ်၊ ဇမ္မူဝင်းဆန်စက်နှင့်  သဲကုန်းမြို့နယ်၊ မြမြင့်မိုရ်ဆန်စက်၊ အောင်နိုင်သစ္စာဆန်စက်များသို့သွားရောက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (GACC) သို့ ဆန်နှင့်ဆန်ကွဲတင်ပို့နိုင်ရန်အတွက် စပါးအခြောက်ခံစက်များ၊ သတ်မှတ်ထားသော ကြိတ်ခွဲရေးစက်ယူနစ်များ၊ ဆန်ကာလာစက်များတပ်ဆင်ထားရှိမှုအခြေအနေများနှင့် ဆန်နှင့်ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေ၊ တိရိစ္ဆာန်အန္တရာယ်များမှ ကာကွယ်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)