ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ၏ စိုက်ပျိုးထွက်ရှိမှုနှင့် လက်ရှိဈေးနှုန်းအခြေအနေအရ တွက်ခြေကိုက်မှုရှိ/မရှိအား (၁၇-၈-၂၀၂၃)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများက ဝက်စာပိုးအုပ်စု၊ ထန်ကုန်းကျေးရွာရှိ တောင်သူ ဦးသန်းထွဋ်၏ နှမ်းခင်းသို့သွားရောက်၍ လေ့လာခဲ့ကြပါသည်။
နှမ်းစိုက်တောင်သူ ဦးသန်းထွဋ်က ၂၀၂၃ခုနှစ်၊ မေလတွင် မိုးကြိုနှမ်းတစ်ဧကစိုက်ပျိုးခဲ့ပြီး ဩဂုတ်လ၊ ပထမအပတ်တွင် စတင်ရိတ်သိမ်းနေကြောင်း၊ နှမ်းစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းခင်းကြဲရန် ထယ်ထိုး၊ ထွန်မွှေ (၃)စပ်ခကုန်ကျစရိတ်မှာ (၉၀၀၀၀)ကျပ်၊ ကြဲခင်းအတွက် မျိုးနှမ်း(နှမ်းနက်၊ ကမ်းနားနှမ်း) ၅ပိဿာလျှင် (၃၅၀၀၀)ကျပ်၊ နှမ်း၁၅ပိဿာဝင် တစ်တင်းလျှင် ၁၁၀၀၀၀ကျပ်ဖြင့် မိသားစုများလုပ်ကိုင်ကြပြီး ဓာတ်မြေဩဇာ အာမိုမြေဆီတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ပိုးသတ်ဆေး (ဖော်ကျွန်း) ၁၀ကီလို၁ထုပ်ကို ၂၅၀၀ကျပ်ဖြင့် တစ်ဧကလျှင် ၈ထုပ် (၂၀၀၀၀)ကျပ်ကုန်ကျကြောင်း၊ ၁ရက်လျှင် လူတစ်ဦးရိတ်သိမ်းခမှာ ၆၀၀၀ကျပ်ဖြင့် ၁၀ဦးငှားရမ်းရကြောင်း၊ နှမ်းခါမှုအား မိသားစုလုပ်အားဖြင့် လုပ်ကိုင်ကြပြီး စုစုပေါင်းကုန်ကျစရိတ်မှာ (၄၀၃၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ ဆီကြိတ်စားရန်နှင့် မျိုးနှမ်းအတွက် ကြိုတင်မှာယူထားခြင်းရှိနေ၍ ကာလပေါက်ဈေးထက် ဈေးပိုရနိုင်ကြောင်း၊ ယခုရက်ပိုင်းအတွင်း နှမ်းပွဲရုံရှိ ဈေးနှုန်းများမှာ နှမ်းနက်တစ်တင်းလျှင် (၁)သိန်းကျပ်/(၉၅၀၀၀)ကျပ်ခန့်ဖြစ်သဖြင့် ယခုပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် ကျပ်တစ်သိန်းဖြင့် အထွက်တင်း (၁၀)တင်းလျှင် ရရှိငွေ (၁၀)သိန်းကျပ်ဖြစ်ပြီး ကုန်ကျစရိတ်မှာ (၄၀၃၀၀၀)ကျပ်ဖြစ်သဖြင့် အကျိုးအမြတ်မှာ (၅၉၇၀၀၀) ကျပ်ရရှိနိုင်မည်ဖြစ်ကြောင်း၊း ဈေးအတက်/အကျပေါ်မှုတည်၍ နှမ်းခါပြီးစီးချိန်အထိ တွက်ခြေကိုက်သောသီးနှံဖြစ်ကာ မြေအနေအထားအရ စိုက်ပျိုးရန်သင့်ပြီး အခြားသီးထပ်စိုက်ပျိုးရာတွင်လည်း ကာလမှီစိုက်ပျိုးနိုင်သောကြောင့် တောင်သူများအတွက် တွက်ခြေကိုက်သောသီးနှံဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)