ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ မိုးသီးနှံမျိုး စုံကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် စိုက်ပျိုးထုတ်လုပ်တောင်သူများက စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဝယ်ယူသုံးစွဲချိန်လည်းဖြစ်ပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် နတ်တလင်းမြို့နယ်၌ ဖြစ်ပေါ်ခဲ့သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများမှာ ဩဘာ ယူရီးယား(လုံးသေး) (၅၀-ကီလို)တစ်အိတ်လျှင် (၇၉၀၀၀)ကျပ်၊ ရွှေနဂါး ယူရီးယား(လုံးသေး) (၅၀-ကီလို)တစ်အိတ်လျှင် (၇၄၀၀၀)ကျပ်၊ သံကွင်းတံဆိပ် တီစူပါ (တရုတ်) (၅၀-ကီလို)တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ ကွန်ပေါင်း (ကောမတ်)ဓာတ်မြေဩဇာတစ်အိတ်လျှင် (၁၁၀၀၀၀)ကျပ်၊ ပိုးသတ်ဆေးများမှာ မာဃမင်း (ဗီလန်ဒါ) ၁လီတာတစ်ဘူးလျှင် (၂၀၅၀၀) ကျပ်၊ မာဃမင်း (ပီလာဖော့) ၁လီတာတစ်ဘူးလျှင် (၄၁၅၀၀)ကျပ်၊ ဂိုးဒင်းဆန်း(အိုမာဟော့) ၁လီတာတစ်ဘူးလျှင် (၂၃၀၀၀)ကျပ်၊ NAB (ဗိုင်းရား) ၁လီတာတစ်ဘူးလျှင် (၂၂၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များမှသိရှိရပါသည်။
DOCA(ပဲခူး)