Main menu

ချောက်မြို့နယ်၌ မိုးနှမ်းများ စံကွက်ရိတ်သိမ်းနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်သည် မြန်မာနိုင်ငံ၏အပူပြင်းဆုံးဒေသဖြစ်ပြီး နှစ်စဉ် မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် အဓိကသီးနှံ(၁၀)မျိုးအနက် (ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ မြေပဲ)တို့ကို အဓိကထားစိုက်ပျိုးပြီး နှမ်းသီးနှံကို အနည်းငယ်ခန့်သာစိုက်ပျိုးကြပါသည်။ ချောက်မြို့နယ်၌ မိုးနှမ်း၊ သီးနှံ (၂၆၀၀၀)ဧကအား ၂၀၂၃ခုနှစ်၊ မေလဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ကြပြီး ယခုအခါ စတင်ရိတ်သိမ်းနေကြပြီဖြစ်ပါသည်။

  (၁၅-၈-၂၀၂၃)ရက်နေ့တွင် ချောက်မြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ စမ်းစုကျေးရွာရှိ ကွင်းအမှတ် (၂၉၅၄) တောင်သူဦးအေးသောင်း၏ မိုးနှမ်း(၁.၀၀)ဧကကွက်နှင့် ဂွေးချိုကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာ၊ ကွင်းအမှတ်(၂၃၅၁) တောင်သူဦးအေးသိန်း၏ မိုးနှမ်း(၂.၅၇)ဧကကွက်တို့တွင် စံကွက်ရိတ်သိမ်းမှုအခြေအနေများအား  ချောက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရပါသည်။

   ဂွေးချိုကျေးရွာအုပ်စု၊ ဂွေးချိုကျေးရွာမှ  တောင်သူဦးအေးသိန်း၏ မိုးနှမ်း(၂.၅၇)ဧကသည် မိုးရေရရှိမှုများ၍  တစ်ဧကလျှင် (၁၁.၈၆)တင်းနှုန်းထွက်ရှိပြီး မိုးအရနည်းပါးသည့် မကျီးကန်ကျေးရွာအုပ်စု၊ စမ်းစုကျေးရွာမှ တောင်သူဦးအေးသောင်း၏  မိုးနှမ်း(၁.၀၀)ဧကသည် တစ်ဧကလျှင် အထွက်နှုန်း (၈.၉၇) တင်းသာထွက်ရှိကြောင်းနှင့်  ယခင်နှစ်တွင် မိုးနှမ်းတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၂၇၀၀၀၀) ကျပ်ရှိပြီး တစ်ဧကလျှင် (၆)တင်းနှုန်းထွက်ရှိကြောင်း၊ နှမ်းတစ်တင်းလျှင် (၅၀၀၀၀)ကျပ်ခန့်သာရရှိ၍ ယခုနှစ်တွင် မိုးနှမ်းတစ်ဧကစိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၃၇၀၀၀၀)ကျပ်ခန့်ရှိခဲ့ပြီး  ပျမ်းမျှနှမ်းတစ်ဧကလျှင် (၉)တင်းနှုန်းရရှိပါကြောင်း၊ လက်ရှိ၌ နှမ်းတစ်ဧကလျှင် (၇၆၀၀၀)ကျပ်ဖြစ်၍ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၃၁၄၀၀၀) ကျပ်ခန့်ရရှိနိုင်ကြောင်း၊ စိုက်ပျိုးသူတောင်သူများ၏ ဝမ်းသာအားရပြောဆိုမှုများအား လေ့လာသိရှိရပါသည်။

DOCA(မကွေး)