မကွေးမြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မကွေးကုန်စည်ဒိုင်) တွင် ပဲမျိုးစုံတို့မှာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိုးနှမ်းနှင့်မြေပဲသီးနှံများ စျေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။ (၁၇-၈-၂၀၂၃)ရက်နေ့တွင်ဖြစ်ပေါ်လျက်ရှိသော မကွေးကုန်စည်ဒိုင်၏ သီးနှံစျေးနှုန်းများမှာ ပဲတီစိမ်း (၁၉)ပိဿာဝင် (၁)တင်းလျှင် (၅၈၀၀၀)ကျပ်၊ ပဲကြီးဖြူ ပြားကြီး (၁၉)ပိဿာဝင် (၁)တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ ပဲကြီးဖြူ (လတ်) (၁၉)ပိဿာဝင် (၁)တင်းလျှင် (၉၅၀၀၀)ကျပ်၊ ပဲကြီးဖြူ (သေး) (၁၉)ပိဿာဝင် (၁)တင်းလျှင် (၈၈၀၀၀)ကျပ်၊ ကုလားပဲ (HL) (၁၉)ပိဿာဝင် (၁)တင်းလျှင် (၈၇၀၀၀)ကျပ်၊ စားတော်ပဲ (၂၀)ပိဿာဝင် (၁)တင်းလျှင် (၁၃၈၀၀၀)ကျပ်၊ နှမ်းနက် (စမုံ) (၁၅)ပိဿာဝင် (၁)တင်းလျှင် (၁၂၆၆၆၀)ကျပ်၊ နှမ်းဖြူ (၁၅)ပိဿာဝင် (၁)တင်းလျှင် (၁၄၁၆၀၀)ကျပ်၊ နှမ်းနီ (မကွေး) (၁၅)ပိဿာဝင် (၁)တင်းလျှင် (၁၁၆၀၀၀-၁၁၇၀၀၀)ကျပ်၊ မြေပဲတောင့်နီ (၂၅)ပေါင်လျှင် (၃၀၀၀၀-၃၂၀၀၀)ကျပ်၊ မြေပဲတောင့်ဖြူ (၂၅)ပေါင်လျှင် (၂၂၀၀၀-၂၄၀၀၀)ကျပ်တို့ဖြင့် အသီးသီးစျေးဖွင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
အရောင်းအဝယ်ဖြစ်မှုမှာ ပဲတီစိမ်းတန်ချိန် (၅၀)ခန့်၊ ကုလားပဲတန်ချိန် (၃၀)ခန့်၊ ပဲကြီးဖြူတန်ချိန် (၅၀)ခန့်၊ နှမ်းဖြူတန်ချိန် (၁၀၀)ခန့်နှင့် မြေပဲတန်ချိန် (၂၀)ခန့် စသည်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)