(၃-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန်က “စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇)ပါ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု” ခေါင်းစဉ်ဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
တဖန် သီပေါမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်လင်းလင်းထွန်းက (၉-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးများအကြောင်းကို စားသုံးသူပြည်သူများသိရှိစေရန် Talk Show အစီအစဉ်ဖြင့် အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)