Main menu

နမ့်ဆန်မြို့နယ်၏ တို့ဟူးခွံလုပ်ငန်း

Powered by Drupal

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်မြို့၌ တို့ဟူးခွံကို ဝမ်းစာရေးအတွက်နှင့် စီးပွားဖြစ်ပြုလုပ်ရောင်းချနေကြောင်းသိရပါသည်။ ဒေသအခေါ် တို့ဟူးခွံပြုလုပ်နည်းမှာ တို့ဟူးပြားမှတစ်ဆင့် တို့ဟူးခွံထွက်သည်အထိ လှမ်းထားရကြောင်း၊ တရုတ်လူမျိုးများသာပြုလုပ်ရောင်းချပြီး တို့ဟူးခွံကို နမ့်ဆန်မြို့ပေါ်တွင်သာရရှိနိုင်ကြောင်း၊ တို့ဟူးခွံများမှာ လူကြိုက်များ၍ ရောင်းအားကောင်းကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချသည့်ဈေးသည်များက ကြိုတင်မှာယူထားသောကြောင့် အိမ်စားရန်အတွက် တစ်ထုတ်/နှစ်ထုတ်သာဝယ်ယူရရှိကြောင်း၊ တို့ဟူးခွံကိုဝယ်ယူမည်ဆိုပါက နံနက်စောစော(၄:၀၀)နာရီအချိန်နှင့် နံနက်(၅:၀၀)နာရီအချိန်တွင်သာရရှိနိုင်ကြောင်း သိရပါသည်။

     တို့ဟူးပြားကို ပုံစံ(၃)မျိုးဖြင့်ရရှိနိုင်ကြောင်း၊ တို့ဟူးပြား၊ တို့ဟူးခွံ၊ တို့ဟူးချဉ်ဟူ၍ရှိပြီး တို့ဟူးခွံသည်သာ အနည်းငယ်ရရှိနိုင်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် တို့ဟူးခွံဈေးနှုန်းမှာ တစ်ထုပ်လျှင် ၅၀၀ကျပ်ဖြစ်ပြီး နမ့်ဆန်မြို့ပေါ်နှင့် ကျေးရွာများ၊ ခြားမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချကြောင်း၊ တို့ဟူးခွံ၏သဘာဝသည် အမွှေးကလေးနှင့် အနံ့မှာ ချဉ်သောအနံ့ထွက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)