(၁၈-၈-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကျောက်မဲမြို့၊ စည်ပင်သာယာပိုင်ဗဟိုဈေးကြီး၏ အတွင်း/အပြင်၌ ရောင်းချလျက်ရှိသည့် တံဆိပ်အလွတ် နေကြာစေ့များမှာ တရုတ်နိုင်ငံမှဝယ်ယူ၍ ပြည်ချိန်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရကြောင်းသိရသည်။
ဈေးကွက်အတွင်း လက်ရှိရောင်းချလျက်ရှိသည့် နေကြာစေ့များကို (၁)ပြည်လျှင် ကျပ် (၇၀၀၀-၈၀၀၀) ရောင်းချလျက်ရှိပြီး (၁)ဘူးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရသည်။
ယခင်နှစ်တွင် နေကြာစေ့ (၁)ပြည်လျှင် ကျပ်(၃၀၀၀-၄၀၀၀) ဈေးနှုန်းရှိသော်လည်း ယခုနှစ်နှင့်နှိုင်းယှဉ်လျှင် နေကြာစေ့ဈေးနှုန်းများမှာ (၁)ပြည်လျှင် ၄၀၀၀ကျပ်ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း ဝယ်ယူသုံးစွဲမှုများပြားကြောင်း နေကြာစေ့ရောင်းချသူ ဒေါ်မျိုးမျိုးခိုင်ထံမှသိရသည်။
ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် နေကြာစေ့အမျိုးအစားများမှာ အငန်အရသာ၊ အစိမ့်အရသာ၊ အချိုအရသာနှင့် ဆီးသီးအရသာနေကြာစေ့များဟူ၍ အမျိုးမျိုးရှိကြောင်းသိရှိရပြီး ၎င်းနေကြာစေ့များအား ဈေးနှုန်းတူရောင်းချလျက်ရှိကြောင်းသိရသည်။
DOCA(ရှမ်း)