ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအများအပြား၏ တောင်ယာ၊ လယ်ယာစိုက်ခင်းများတွင် ၂၀၂၃ခုနှစ်၊ မိုးရာသီကာလ ပထမအပတ်မှစတင်စိုက်ပျိုးထားသော ဖရုံစိုက်ခင်းများရှိ ဖရုံသီးများရင့်မာလာပြီဖြစ်၍ ဩဂုတ်လ၊ ပထမအပတ်မှစတင်၍ ခူးဆွတ်တင်ပို့ရောင်းချပေးနေကြောင်း သိရှိရပါသည်။ အကြီး၊ အလတ်အရွယ်ရှိ ဖရုံသီးများကို ပိဿာချိန်ဖြင့် တစ်ပိဿာလျှင် (၄၅၀)ကျပ်မှ (၆၀၀)ကျပ်ဈေးရှိကြောင်းသိရှိရပါသည်။ ကျေးရွာရှိ တောင်ယာ၊ လယ်ယာစိုက်ခင်းများနှင့် အိမ်ဝင်းခြံနေရာတချို့တွင် စီးပွားဖြစ်စိုက်ပျိုးခြင်းနှင့် မိသားစုစားသုံးရန် အနည်းငယ်မျှစိုက်ပျိုးခြင်း၊ ဖရုံပင်များမှ ဖရုံသီးများစတင်ရရှိလာပြီဖြစ်သဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ခူးဆွတ်ရောင်းချပေးလျက်ရှိကြောင်း တောင်သူများထံမှ လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)