ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာကြည်(ဦးစီးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်(၁၂)၊ နယ်မြေ (၁၃) တွင်တည်ရှိသော ဦးစိုင်းကျော်သိန်းဦး၏ ငွေနန်းတော်အမှတ်တံဆိပ် ဆန်ခေါက်ဆွဲခြောက် (ရေစိမ်) စားသောက်ကုန်လုပ်ငန်းသို့သွားရောက်၍ ခေါက်ဆွဲခြောက်ပြုလုပ်ပုံအဆင့်ဆင့်တို့နှင့်ပတ်သက်၍ (၁၁-၈-၂၀၂၃) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
လုပ်ငန်းရှင်၏ပြောကြားချက်အရ ခေါက်ဆွဲလုပ်ငန်းကို (၂၀၂၂) ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ယခုအချိန်ထိ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်း၊ ဆန်ခေါက်ဆွဲထုတ်လုပ်သောကုန်ကြမ်းများမှာ ဇီယာဆန်၊ စားအုန်းဆီ၊ ပျားဖယောင်းတို့ပါဝင်ကြောင်း၊ ဇီယာဆန်တစ်အိတ်လျှင် (၆၅၀၀၀)ကျပ်၊ စားအုံးဆီတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ပျားဖယောင်းတစ်ပိဿာလျှင်(၂၅၀၀၀၀ )ကျပ်ဈေးပေးဝယ်ရကြောင်း သိရှိရပါသည်။
ထုတ်လုပ်မှုအနေဖြင့် (၁)ရက်လျှင် ခေါက်ဆွဲပိဿာချိန် (၃၀၀) ပိဿာထုတ်လုပ်ပြီး လက်ကားဈေး (၁)ပိဿာလျှင် (၃၀၀၀) ကျပ်နှင့် လက်လီဈေး (၁)ပိဿာလျှင် (၃၅၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ အလုပ်သမားတစ်ဦးလျှင် နေ့စားပုတ်ပြတ်ခမှာ (၁၅၀၀၀)ကျပ်ဖြင့် (၄) ဦးငှားရမ်းထားပြီး လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ ဈေးကွက်အနေဖြင့် လားရှိုးမြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)