၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၆၃၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန်တစ်ပြည်လျှင် ၃၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၄၀၀၀ကျပ် စသဖြင့်ရောင်းဝယ်လျက်ရှိပါသည်။
ကျိုင်းတုံမြို့တွင် ဩဂုတ်လ၊ ဒုတိယအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၈၂၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၇၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၈၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။
ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ ကြက်ဥနှင့် ဘဲဥဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်အခြေခံ စားသောက်ကုန်များ၏ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ရှမ်း)