Main menu

လားရှိုးမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

Powered by Drupal

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဩဂုတ်လ၊ တတိယအပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ(၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ အာမို (၁၅) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ အာမို (၁၆) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၂၀၀၀)ကျပ်ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရရှိပါသည်။

  ပိုးသတ်ဆေးဈေးနှုန်းများမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင်(၁၀၀)စီစီတစ်ဘူးလျှင် (၂၀၀၀၀)ကျပ်၊ အလန်း(၅၅)wp (၁၀၀) ဂရမ်တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ ဖိုစ့်တင်းအီးစီ (၁၀၀)စီစီတစ်ဘူးလျှင် (၅၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရေးရာသီဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)