စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဥမ္မာလင်း(ဦးစီးမှူး)နှင့် ဒေါ်အေးအေးသန့် (အကြီးတန်းစာရေး)တို့သည် (၁၈-၈-၂၀၂၃)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် သစ်သီးဝလံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်ဆိုင်ရာများနှင့်စပ်လျဉ်းပြီး ကွင်းဆင်းမေးမြန်းခဲ့ကြကြောင်းသိရသည်။
အဆိုပါ ဈေးကွက်အတွင်းရှိ သစ်သီးဝလံများသည် ပြည်တွင်းမှထွက်ရှိသည့် သစ်သီးဝလံများအပြင် ပြည်ပ(တရုတ်)မှတင်သွင်းလာသည့် သစ်သီးဝလံများပါ ရောင်းချလျက်ရှိခြင်းဖြစ်ကြောင်းသိရသည်။ ဩဇာသီး၊ နဂါးမောက်သီးနှင့် ကမ္ဗလာသီးများသည် ပြည်တွင်းမှထွက်ရှိသည့် သီးနှံများဖြစ်ကြပြီး အခြားသီးနှံများကို တရုတ်မှဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းများမှာ ဩဇာသီး (၁)လုံးလျှင် (၅၀၀/-)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၁၀၀၀/-) ကျပ်နှင့် ကမ္ဗလာသီး(၁)လုံးလျှင် (၈၀၀/-)ကျပ်ဖြစ်ကြောင်းသိရသည်။ ပြည်ပမှဝယ်ယူရောင်းချသည့် ပန်းသစ်တော်(၁)လုံးလျှင် (၂၅၀၀/-) ကျပ်၊ ပန်းသီး(ကြီး)(၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ ပန်းသီး(အသေး)(၁)လုံးလျှင် (၁၅၀၀/-)ကျပ်၊ ပန်းသီး(လတ်)(၁)လုံးလျှင် (၂၀၀၀/-)ကျပ်၊ သစ်တော်သီး (၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ သလဲသီး ၁လုံးလျှင် (၁၅၀၀/-)ကျပ်၊ သရက်သီး(၁)လုံးလျှင် (၈၀၀/-)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၄၀၀၀/-)ကျပ်၊ စပျစ်သီး (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်နှင့် မက်မန်း (၁)ပြည်လျှင် (၃၀၀၀/-)ကျပ်တို့ဖြစ်ကြောင်းသိရသည်။
တချို့သစ်သီးဝလံဈေးနှုန်းများအနေဖြင့် ဈေးနှုန်းကြီးမြင့်လျက်ရှိသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းချသူများထံမှသိရပါသည်။
DOCA(ရှမ်း)