Main menu

မိတ္ထီလာထွက် ဖရဲသီးများ ကရင်ဈေးကွက်သို့ဝင်ရောက်နေ

Powered by Drupal

  ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက် ဖရဲသီးများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ်မှာ ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း၊ ဖရဲသီးအလုံးရေ ၅၀၀၀ပါ ၁၂ဘီးကားတစ်စီးလျှင် ဘားအံအရောက် သယ်ယူပို့ဆောင်ခမှာ ၆သိန်းကျပ်ကုန်ကျစရိတ်ရှိကြောင်းနှင့် ဖရဲသီးများကို ထွက်ရှိရာဒေသများ၌ အခင်းပြတ်စနစ်ဖြင့်ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ/ လုပ်သားခ/ အခြားကုန်ကျစရိတ်များထပ်ပေါင်းပါက အကြီး/အသေးသောင်းပြောင်းကုန်ကျစရိတ်တို့မှာ ၈၅၀ခန့်ကျသင့်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် အကြီး/ အသေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရသည်။

  ကရင်ပြည်နယ်၌ ဒေသထွက် ဖရဲသီးများကို အဓိကရောင်းဝယ်မှုပြုကြောင်းနှင့် မိုးကာလ ဖရဲမထွက်ရှိချိန်ဖြစ်သော ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြည်တွင်းမှ ဖရဲသီးများကိုဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)