ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ စတုတ္ထအပတ် ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ ဩဂုတ်လ တတိယအပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး နှမ်းဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် မြှင့်တက်လာကာ မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိသည်ကို တွေ့ရှိရသည်။
စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီး ပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၂၀၀ မှ ၃၅၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ တတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ကုလားပဲဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့်နှင့် ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် လျော့နည်းကာ အာလူးဈေးနှုန်းအနေဖြင့် ကျပ်(၃၀၀ မှ ၅၀၀)ခန့် မြှင့်တက်လာကြောင်း တွေ့ရသည်။ အသား/ငါး ဈေးနှုန်းအနေဖြင့် ဝက်သားတစ်ပိဿာ ကျပ် (၂၀၀၀)ခန့် လျော့နည်းလာပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)