Main menu

ကရင်ပြည်နယ်၌ ဩဂုတ်လအတွင်း ကြက်သွန်နီဈေးမငြိမ်

Powered by Drupal

  ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရေပေါ်ဈေးရှိ အခြေခံစားကုန်များ၏ နေ့စဉ်ကုန်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းကောက်ယူစာရင်းပြုစုလျက်ရှိရာ (၂၂-၈-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်း၍ စာရင်းကောက်ယူမှုအရ အခြေခံစားသောက်ကုန်ဖြစ်သော ကြက်သွန်နီဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရသည်။

  ဈေးနှုန်းစာရင်းနှိုင်းယှဉ်မှုများအရ ယခင်လတွင် ကြက်သွန်နီအလတ်စ လက်လီဈေးမှာ ၁ပိဿာလျှင် ၂၅၀၀/ကျပ်၊ ၁၀ပိဿာဝင် အိတ်ဆွဲတစ်ဆွဲလျှင် ၂၃၀၀၀ကျပ်ဖြစ်သော်လည်း ယခုလ၊ တတိယအပတ်တွင် ၁ပိဿာလျှင် ၃၅၀၀/ကျပ် ၁၀ပိဿာဝင် အိတ်ဆွဲတစ်ဆွဲလျှင် ၃၃၀၀၀ ကျပ်ဖြင့်လည်းကောင်း ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ကြက်သွန်ဈေးမှာ ‌ဈေးနှုန်းတည်ငြိမ်မှုမရှိဘဲ အတက်အကျဖြစ်နေသောကြောင့် ခန့်မှန်းရခက်လျက်ရှိကြောင်း သိရသည်။

     စာရင်းဇယားများအရ ကရင်ပြည်နယ်တွင် ကြက်သွန်နီဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလတွင် ၁ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ဈေးနှုန်းအမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်ဧပြီလ၊ သင်္ကြန်မတိုင်မီတွင် ၁ပိဿာလျှင် ၁၂၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါသည်။

DOCA(ကရင်)