Main menu

ကရင်ပြည်နယ်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်း/ ဈေးကွက်အခြေအနေ

Powered by Drupal

   ကရင်ပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံ၏ ဈေးနှုန်း/ ဈေးကွက်အခြေအနေများကို ဘားအံမြို့၊ ကျော်စိုး(ပဲပွဲရုံ)သို့သွားရောက်၍ ကွင်းဆင်းလေ့လာမေးမြန်းခဲ့ရာ ပဲမျိုးစုံ၏ ၁ပိဿာဈေးနှုန်းများမှာ ထောပတ်ပဲ ၅၅၀၀/ကျပ်၊ ပဲလွန်းဖြူ ၃၀၀၀/ကျပ်၊ ဘိုကိတ် ၃၀၀၀/ကျပ်၊ ပဲပုတ် ၃၂၀၀/ကျပ်၊ ပဲနီပြား ၄၈၀၀/ကျပ်၊ မတ်ပဲ ၃၇၅၀ ကျပ်၊ ပဲတီရွှေဝါ ၃၉၀၀/ကျပ်၊ ပဲတီစိမ်း(ပဲနောက်) ၂၇၀၀/ကျပ်၊ မြေပဲဆန် ၈၇၀၀/ကျပ်၊ နှမ်း (ကိုင်း) ၆၅၀၀/ကျပ်၊ နှမ်း (တောင်ယာ) ၇၅၀၀/ကျပ်နှင့် စမှုံနက် ၈၅၀၀/ကျပ်တို့ဖြစ်ကြောင်းသိရသည်။

     ဈေးကွက်အနေဖြင့် ပြည်နယ်အတွင်းစားသုံးရန်နှင့် လုပ်ငန်းသုံးအတွက်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ပဲပုတ်အနေဖြင့် ကုန်သည်လက်ကျန် (လှောင်ပဲ) အနည်းငယ်ရှိကြောင်း သိရပါသည်။

DOCA(ကရင်)