မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ဆောင်ရွက်သောဒေသဖြစ်ရာ စပါးကို အများဆုံးစိုက်ပျိုးကြပါသည်။ မိုးစပါး၊ နွေစပါးအဖြစ် နှစ်ရာသီလုံးစိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ခုနှစ်အတွက် နွေစပါး(၄၇၉၆၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဇွန်လဆန်းပိုင်းမှ စတင်ရိတ်သိမ်းလျက်ရှိရာ ဇူလိုင်လကုန်အထိ(၃၈၃၀)ဧက ရိတ်သိမ်းပြီးဖြစ်၍ အထွက်နှုန်း(၁၀၃.၂၃)တင်းဖြင့် အထွက်စုစုပေါင်း(၃၉၅၄၁၈၁)တင်း ထွက်ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ်အတွက် မိုးစပါးများဆက်လက်စိုက်ပျိုးလျှက်ရှိရာ (၇၇၉၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။
မိုးစပါးစိုက်ပျိုးရာတွင် ဒေသစားသုံးဆန်အမျိုးအစားများဖြစ်သည့် ဧရာမင်း(မဂျမ်းတော) စပါးမျိုးနှင့် မနောသုခစပါးမျိုးများကို အလေးထားစိုက်ပျိုးကြပြီး အခြားစပါးမျိုးများလည်း အနည်းငယ်စိုက်ပျိုးကြပါသည် ။ အရည်အသွေးအကောင်းဆုံးနှင့် ဒေသစားသုံးမှုအများဆုံး စျေးကွက်ထိပ်တန်းဝင် မဂျမ်းတောစပါးမျိုးသည် မိုးစပါးတစ်ရာသီသာလျှင် စိုက်ပျိုးထွက်ရှိပါသည်။
ဆန်စပါးစျေးကွက်အနေဖြင့် ယခင်လတွင် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော (ဟောင်း) (၂၂၀၀၀၀၀/-)ကျပ်၊မနောသုခ(ဟောင်း) (၁၈၀၀၀၀၀/-)ကျပ်ရှိခဲ့ရာမှ ယခုလတွင် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော(ဟောင်း) (၃၅၀၀၀၀၀/-)ကျပ် ၊ မနောသုခ(ဟောင်း) (၂၀၀၀၀၀၀/-)ကျပ်ဖြင့် လည်းကောင်း၊ ယခင်လတွင် ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတော(ဟောင်း) (၈၅၀၀၀/-)ကျပ်၊ မနောသုခ(ဟောင်း) (၇၅၀၀၀/-)ကျပ်ရှိခဲ့ရာမှ ယခုလတွင် ဆန်(၂၄)ပြည်တစ်အိတ်လျှင် မဂျမ်းတော (ဟောင်း) (၁၃၅၀၀၀/-)ကျပ် ၊ မနောသုခ(ဟောင်း) (၉၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး စပါးလက်ကျန် နည်းနေပြီဖြစ်ရာ ဆန်(ဟောင်း)စျေးကွက်အနေဖြင့် ယခင်လထက် ဆန်စပါးစျေးနှုန်းများ မြင့်တက်ခဲ့ပါသည်။
လက်ရှိအချိန်တွင်နွေစပါးများဖြစ်သည့် နှာကောက်၊ရက်(၁၁၀)၊ရက်(၉၀)၊ ရွှေသွယ်ရင် စသည့် နွေစပါးများမှာဒေသစားသုံးဆန်မဟုတ်သည့်အတွက်ကြောင့် ကြိတ်ရောင်းစနစ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊နွေစပါး ဆန်စျေးကွက်အနေဖြင့် အလွန်အမင်းမြင့်တက်ခြင်းမရှိဘဲ စပါးအခြောက်စျေးဖြစ်သည့်အတွက်ကြောင့် စပါးတင်း(၁၀၀)လျှင် (၁၈၀၀၀၀၀/-)ကျပ် ၊ ဆန်(၂၄)ပြည်တစ်အိတ် လျှင်(၆၀၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း စက်ပိုင်၊ကုန်သည်၊ပွဲစားများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)