မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၂၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၂၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၆၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၂၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၆၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၅၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခွဲကျော်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်လေးထောင်ငါးရာ ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၁၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၁၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခွဲ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၁၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅ မှ ၇ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ယခင်နှစ် ဩဂုတ်လ၊ (ဒုတိယ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၄၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ခန့်မှ လေးထောင် ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၇၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၃၀၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဩဂုတ်လ၊ (စတုတ္တ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းကျော်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။
DOCA(စစ်ကိုင်း)