Main menu

မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးတွင် ရောင်းချသော ငါးခြောက်ဈေးနှုန်းအခြေအနေ

Powered by Drupal

   မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီး၌  ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရောင်းချလျက်ရှိသော ငါးခြောက်အမယ်များမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက်(အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစရိုင်းခြောက်၊ ပုဇွန်ခြောက်(အကြီး)၊ ပုဇွန်ခြောက်(အလတ်)၊ ပုဇွန်ခြောက်(အသေး)၊ ပုဇွန်ခြောက်အခွံပါအမှုန့်ခြောက် တို့ဖြစ်သည်။

    ၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၂၀၀၀၀၊  ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ် ၂၃၀၀၀၀၊ ငါးပုပ်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊   ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀၊   ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၄၀၀၀၊  ငါးရွှေခြောက် တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀၊  ငါးအူမြင်းခြောက် တစ်ပိဿာလျှင် ကျပ်၂၀၀၀၀၊   ငါးကွင်းဆက်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကွင်းဆက်ခြောက်(အလတ်) တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ငါးကွင်းဆက်ခြောက် (အသေး) တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀၊ ငါးတံခွန်ခြောက်(အကောင်သေး) တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀မှ ၁၃၀၀၀အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊  ငါးဖောင်ရိုးခြောက် တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀၊ ငါးစာပြက် တစ်ပိဿာလျှင်  ကျပ်၂၀၀၀၀၊ ငါးစရိုင်းခြောက် တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀၊ ပုဇွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၇၀၀၀၀၊  ပုဇွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၆၀၀၀၀၊  ပုဇွန်ခြောက် (အသေး ) တစ်ပိဿာလျှင် ကျပ် ၅၂၀၀၀၊ ပုဇွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ တို့ဖြစ်သည်။ အဆိုပါ ငါးခြောက် ဈေးနှုန်းများမှာ အပတ်စဉ်လိုက် အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

DOCA(မွန်)