Main menu

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ "ဇာနည်ကျော်"ဆန်စက်အား SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ "ဇာနည်ကျော်" ဆန်စက်သို့သွားရောက်၍ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ လုပ်ငန်းရှင်၏ အခက်အခဲနှင့်အတွေ့အကြုံများ၊   ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

   ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ဆန်စက်လုပ်ငန်းရှင်အား Gasfier များ စနစ်တကျထားရှိစေပြီး စက်ရုံဝန်းအတွင်း ဆန်စပါးသိုလှောင်မှုအခြေအနေများ၊ SMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဆန်စက်တွင် ခေတ်မီစက်ယူနစ်များတပ်ဆင်အသုံးပြုမှုရှိစေရေး၊ ဆန်စပါးသိုလှောင်သည့်သိုလှောင်ရုံများကို သန့်ရှင်းသပ်ရပ်စွာထားရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့မှုကို သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)