ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၈)ရပ်ကွက်၊ အလယ်တန်းကျောင်းရှိ ဆရာ/ဆရာမ(၃၀)ဦး၊ ကျောင်းသား/သူ(၁၂၀)ဦး၊ စုစုပေါင်း (၁၅၀) ဦးတို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယနည်းပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသောဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရိုက်နှိပ်ဖော်ပြထားသော ကုန်စည်များကိုရွေးချယ်ဝယ်ယူစားသုံးကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အစားအသောက်များကိုရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ဘေးအန္တရာယ်ရှိသောကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုတစ်စုံတစ်ရာဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သောစင်တာများဖွင့်လှစ်ထားရှိပါကြောင်း၊ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနှင့်ဖြစ်စေ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm နှင့် Call Center No. (1535) သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောဆွေးနွေးမှုသတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)