ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းအတွင်းထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်တီအဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၁၇ရက်နေ့တွင် ကျင်းပပြုပလုပ်ရာ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ပုသိမ်တက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်နှင့် နည်းပညာတက္ကသိုလ်၊ တွဲဖက်ပါမောက္ခနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးများတက်ရောက်ခဲ့ကြပါသည်၊၊
အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ထုတ်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဖွဲ့စည်းထားရှိမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ တိုင်းဒေသကြီးထုတ်ကုန်များမှ သုတေသနလုပ်ရန် သင့်တော်သောထုတ်ကုန်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်က သုတေသနပြုလုပ်ရန် ဘဏ်ချေးငွေရရှိရေး ကုန်သည်စက်မှုအသင်းက ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ပူးပေါင်းပြီး ဧရာဝတီတိုင်းမှ ထုတ်ကုန်များစံနမူနာပြုလုပ်ရန် ထုတ်ကုန်နှင့်ပတ်သက်သောသုတေသနများ၊ ဈေးကွက်နှင့်ပတ်သက်သောတွက်ချက်မှုများပြုလုပ်ရန် ဌာနဆိုင်ရာများမှ အချက်အလက်များရယူပြီး တက္ကသိုလ်မှ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)