ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးက တိုင်းဦးစီးရုံခန်းတွင် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ရက်နေ့၊ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ ဒုတိုင်းဦးစီးမှူးများနှင့် ဌာနခွဲတာဝန်ခံများတက်ရောက်ခဲ့ကြပါသည်၊၊
တိုင်းဦးစီးမှူးက ရုံးချုပ်နှင့်တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားထားသည့် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ လစဉ်ပြုလုပ်နေသော မိတ်ဆုံစားပွဲ၊ ဝန်ထမ်းထုဒါဘာ၊ သင်တန်းကိစ္စနှင့်သန့်ရှင်းရေးကိစ္စများ၊ Thursday Talk ပြုလုပ်ရန်ကိစ္စများအပြင် စီမံရေးရာဌာနခွဲ၊ ငွေစာရင်းဌာနခွဲ၊ ပြည်တွင်းဌာနခွဲ၊ သတင်းဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ၊ စားသုံးသူရေးရာဌာနခွဲများနှင့် ဌာနခွဲအလိုက် လစဉ်လုပ်ငန်းဆောင်ရွက်ရာတွင် ကြွေးကျန်မရှိစေရေးနှင့် လိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့ပါသည်၊၊
ဆက်လက်၍ ဒုတိုင်းဦးစီးမှူးကလည်း ရုံးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျဆောင်ရွက်ရန်နှင့် ရုံးချုပ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားစာများအချိန်မီပေးပို့ပါရန်၊ အသင်းအဖွဲ့များဖွဲ့စည်းဆောင်ရွက်ရန်နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနခွဲအလိုက် တာဝန်ခံများက လက်ရှိဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအားတင်ပြ၍ လိုအပ်သည်များကို တိုင်းဦးစီးမှူးက ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရပါသည်၊၊
DOCA(ဧရာဝတီ)