မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌(၂၃-၈-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်မြို့နယ် ၊ စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာန ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းပြီး အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါသည် ။ ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည် ၃၀၀ဝိ/-ကျပ် ၊ ဆီ(၅၀)ကျပ်သား(၁)ဘူး ၂၅၀ဝိ/-ကျပ် ၊ ဝက်သား(၁)ပိဿာ ၁၅၀၀ဝိ/-ကျပ် ၊ အမဲသား (၁)ပိဿာ ၁၂၀၀ဝိ/-ကျပ် ၊ ကြက်ဉ(၁)လုံး ၂၀ဝိ/-ကျပ် စျေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးလျက်ရှိပြီး ထိုသို့ရောင်းချနေမှုအား အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းရောင်းချသွားမည်ဟု သတင်းရရှိပါသည်။
DOCA(မန္တလေး)