စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ဆောင်ချက်များဖြစ်သော စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်းကုန်သွယ်မှုသတင်းများကို ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဌာနခွဲဝန်ထမ်းများက သတင်းအသီးသီးရေးသားပေးပို့လျက်ရှိရာ ဝန်ထမ်းတိုင်း သတင်းပါဝင်မှုအရည်အသွေးနှင့် အရေအတွက်တိုးတက်စေရေး၊ သတင်းရေးသားပါဝင်မှုတိုင်းအတွက် သတင်းတို ၁ပုဒ်လျှင် ၅၀၀ကျပ်၊ သတင်းလတ် ၁ပုဒ်လျှင် ၁၀၀၀ကျပ်၊ သတင်းရှည် ၁ပုဒ်လျှင် ၂၀၀၀ကျပ်၊ ဆောင်းပါး ၁ပုဒ်လျှင် ၅၀၀၀ကျပ်နှုန်းဖြင့် သတင်းရေးသားပါဝင်သူ ဝန်ထမ်းများကို (၂၄-၈-၂၀၂၃) ရက်နေ့တွင် ဆုချီးမြှင့်ခဲ့ရာ Website သတင်းပါဝင်မှုအတွက် ပြည်နယ်မှူးက တစ်ပုဒ်လျှင် ၅၀၀ကျပ်ဖြင့် စုစုပေါင်း ၄၄ပုဒ်အတွက်လည်ကောင်း၊ Commerce Journal တွင် သတင်းပါဝင်မှုအတွက် သတင်းနည်းဌာနခွဲတာဝန်ခံ ဦမျိုးဝင်းနိုင်(ဦးစီးအရာရှိ)က တစ်ပုဒ်လျှင် ၁၀၀၀ကျပ်ဖြင့်လည်းကောင်း သတင်းရေးသားသူများအား စာမူခများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း သတင်းရေးသားပါဝင်မှုအနေဖြင့် ဦးမျိုးဝင်းနိုင် (ဦးစီးအရာရှိ) က ၁၀ပုဒ်၊ ဒေါ်ဇာခြည်အောင်(ဦးစီးမှူး)က ၈ပုဒ်၊ ဒေါ်သီတာဌေး (ဒုကြီးကြပ်ရေးမှူး)က ၇ပုဒ်၊ ဒေါ်မေသဇင်ဖူး(ဒု-ဦးစီးမှူး)က ၁ပုဒ်၊ ဒေါ်နန်းပွင့်စန်းစန်း(ဒု-ဦးစီးမှူး)က ၃ပုဒ်၊ ဒေါ်စုနွေးသီရိမောင် (အကြီးတန်းစာရေး)က ၄ပုဒ်၊ ဒေါ်ဇူးမီမီဇော်မင်း(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်အေးအေးထွန်း (အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်စောပြည့်မာလာ(အငယ်တန်းစာရေး)က ၂ပုဒ်၊ ဒေါ်နန်းအေးမူ (ရုံးအကူမှူး)က ၄ပုဒ်နှင့် ဒေါ်ရီရီအောင်(ရုံးအကူမှူး)က ၂ပုဒ်၊ စုစုပေါင်း ၄၄ပုဒ်ရေးသားပါဝင်ခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာန၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ သတင်းရေးသားတတ်စေရန်အလို့ငှာ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု သတင်းရေးသားနည်းဆိုင်ရာသင်တန်းများသို့တက်ရောက်ခဲ့ကြပြီး သတင်းရေးသားမှုအရည်အသွေးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
DOCA(ကရင်)