Main menu

သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်း ပလတ်စတစ် Campaign ပြုလုပ်ခြင်း၊ သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် အပတ်စဉ် “ပလတ်စတစ် Campaign ပြုလုပ်ခြင်းနှင့် သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး” လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂-၈-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသည်များအား ပလတ်စတစ်လျှော့ချအသုံးပြုစေရေး၊ ပလပ်စတစ်အစားထိုး အင်ဖက်ကိုအသုံးပြုစေရေး၊ သွေးလွန် တုပ်ကွေးရာသီဖြစ်သောကြောင့် ကျန်းမာရေးဂရုစိုက်ရန်နှင့် ကလေးများကိုခြင်မကိုက်စေရေး ဈေးတန်းတစ်လျှောက် လိုက်လံရှင်းလင်းပြောကြားခဲ့ပြီး “သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင် ဆောင်ရွက်ပေး” လက်ကမ်းစာစောင်များဖြန့်ဝေ၍ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ် စားသုံးသူဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး ၎င်းမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ  မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချစေရေး၊ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် ကုန်စည်များကိုသာဦးစားပေးရောင်းချစေရန်နှင့် ကုန်စည်များတွင် ကုန်ဆုံးရက်လွန်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မကွေး)