Main menu

သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မိုးစပါးစိုက်တောင်သူနှင့်တွေ့ဆုံ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မင်းလှမြို့နယ်တွင် မိုးစပါးများ စတင် ရိတ်သိမ်းနေပြီး သာယာဝတီခရိုင်အနေဖြင့် မိုးစပါးစိုက်ဧကမှာ (၆၇၅၅၉၂)ဧက မင်းလှမြို့အနေဖြင့် (၇၆၁၃၉) ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ သာယာဝတီခရီုင်ဦးစီးမှူးနှင့် အတူ မင်းလှမြို့နယ် တာဝန်ခံ နှင့် အဖွဲ့သည် (၁၀ . ၁၁ .၂၀၂၁ ) ရက်နေ့တွင် မင်းလှမြို့နယ် ၊စာနီစုကျေးရွာအုပ်စု ၊ ‌စာနီစုကျေးရွာရှိ ဆင်းသုခစပါးစိုက်ကွင်း၊ စိုက်ဧက (၁၇) ဧက စိုက်ပျိုးသော တောင်သူ ဦးချမ်းသာ၏ လယ်သို့ ကွင်းဆင်းရာတွင် စပါးထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၇၀) တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။
ကုန်ကျစရိတ်များအနေဖြင့် သွင်းအားစုသုံးစွဲမှုမှာ ယခင်နှစ် မျိူးစပါးစျေးနှုန်း ၁အိတ်လျှင် ၈၅၀ဝိ၊ ယခုနှစ် ၁အိတ်လျှင် ၁၇၀၀ဝိ၊ ယခင်နှစ် မိုးစပါးရာသီတွင် ပုလဲမြေဆီ ၁ အိတ်လျှင် ၂၇၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၁အိတ်လျှင် ၅၀၀၀ဝိ မှ ၇၀၀၀ဝိ ထိ၊ ယခင်နှစ် ၁၅ပတ်လည်မြေဆီ ၁အိတ်လျှင် ၃၈၀၀ဝိ/ ယခုနှစ်စျေးနှုန်း ၆၀၀၀ဝိ/ ထိစျေးနှုန်းမြင့်မားစွာ ဝယ်ယူသုံးစွဲရပါကြောင်း သိရှိရပါသည်။
စပါးစျေးနှုန်းများအနေဖြင့် အစိုဓါတ် ၂၀% မှ ၂၅% ရှိ ဆင်းသုခစပါး ၅၀ပေါင် စျေးနှုန်းမှာ ၅၉၀,၀၀၀ကျပ် (၄၆ပေါင်စျေးနှုန်း=၅၄၂၈၀ဝိ/ကျပ်) ဖြစ်ပါသည်။ အခြောက်ခံစက်သို့ တင်ပို့ပြီး အခြောက်ခံလျှင် အခြောက်ခံခ (၁) တင်းစျေးနှုန်းမှာ ၃၅၀ကျပ်၊ စပါး (၁၀၀) တင်းလျှင် ၃၅၀၀ဝိ/ ကုန်ကျမည် ဖြစ်ကြောင်း ၊ ၁၃% ထိ အခြောက်ခံပြီး ၅၀ပေါင် စပါးစျေးနှုန်းမှာ ၆၅၀၀၀ဝိ (၄၆ပေါင်စျေးနှုန်း= ၅၇၅၀၀ဝိ)/ စျေးရရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)