Main menu

ရွှေဘိုမြို့၌ ဩဂုတ်လ (စတုတ္ထပတ်) တွင် ပဲတီစိမ်းဈေးနှုန်းများကျဆင်းနေ

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဩဂုတ်လ (စတုတ္ထပတ်) အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ပဲတီစိမ်းမှာ ဧပြီလ (တတိယပတ်) မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဩဂုတ်လ၊ စတုတ္ထအပတ်ထိ ဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ်(၅၃၃၀ဝိ/-)ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၄၅၀၀) တင်း/ (၁၄၇) တန်ဖြစ်ကြောင်း၊ ဩဂုတ်လ (တတိယပတ်) ၌ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တတိယအပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် (၅၄၃၀ဝိ/-) ပေါက်ဈေးရှိခဲ့သဖြင့် ယခုစတုတ္ထအပတ်တွင် ယခင်အပတ်အောက် ပဲတီစိမ်းတစ်တင်းလျှင် ကျပ် (၁၀၀ဝိ) ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ ယခင်အပတ်အောက် ဈေးအနည်းငယ်ကျဆင်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)