စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေးနှုန်းများမှာ ယခုတစ်ပတ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီ (ကြီး/လတ်/သေး) ပွဲရုံလက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် (၃၃၀၀-၃၀၀၀-၂၅၀၀) နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၃၅၀၀-၃၃၀၀-၂၉၀၀) နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှဧက (၁၂၀၀၀) ခန့်စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိသောကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်းသိရပါသည်။
DOCA(စစ်ကိုင်း)