မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း အဓိကစိုက်ပျိုးသီးနှံအဖြစ် မိုးစပါး၊ နွေစပါး (၂) မျိုးလုံးကို မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ဝမ်းတွင်း (၄) မြို့နယ်၌ စိုက်ပျိုးကြပါသည်။ မိုးစပါးစိုက်ပျိုးရာသီချိန်သည် သြဂုတ်လမှ အောက်တိုဘာလအထိဖြစ်ပြီး ဒီဇင်ဘာလမှ ဇွန်လအထိရိတ်သိမ်းကြပါသည်။ နွေစပါးကို မတ်လနှင့်ဧပြီလများတွင် စိုက်ပျိုးကြပြီး ဇွန်လ၊ ဇူလိုင်လများ၌ ရိတ်သိမ်းကြရာ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နွေးစပါးစိုက်ဧက (၃၂၉၇) ဧက၊ ရိတ်ဧက (၂၅၇၂) ဧက၊ အထွက်နှုန်း (၇၅.၆၅) တင်းရှိပြီး အထွက်စုစုပေါင်း (၁၉၄၅၆၃) တင်းထွက်ရှိပါသည့် မိုးစပါးစိုက်ဧကအနေဖြင့် (၃၃၁၉) ဧကစိုက်ပျိုးထားရှိပါသည်။
လက်ရှိစပါးစျေးကွက်အနေဖြင့် ဇူလိုင်လကုန်ပိုင်းမှစ၍ စျေးနှုန်းမြှင့်တက်လာသဖြင့် စပါးရောင်းချမှုများနေကြောင်းသိရပါသည်။ ယခင်ဇူလိုင်လ၊ စတုတ္ထအပတ်တွင် မနောသုခစပါးတင်း (၁၀၀) လျှင် (၂၆၀၀၀၀၀) ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀)လျှင် (၃၀၀၀၀၀၀) ကျပ်၊ မနောသုခ(ဟောင်း) ဆန်တစ်အိတ်လျှင် (၉၀၀၀၀) ကျပ်၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် (၁၀၀၀၀၀) ကျပ်ရှိခဲ့ပြီး ယခုသြဂုတ်လ၊ စတုတ္ထအပတ်တွင် မနောသုခစပါးတင်း(၁၀၀)လျှင် (၂၈၀၀၀၀၀) ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀)လျှင် (၃၈၀၀၀၀၀) ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ ဧရာပဒေသာဆန်တစ်အိတ်လျှင် (၁၃၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်လနှင့် ယခုလကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါးစျေးနှင့်ဆန်းစျေးများသိသိသာသာမြင့်တက်လာခဲ့ပါသည်။ စပါးစျေးမြင့်တက်လာသော်လည်း စပါးစိုက်တောင်သူများအနေဖြင့် လယ်ယာလုပ်သားငှားရမ်းခ၊ သွင်းအားစုစျေးများကြီးမြင့်နေသဖြင့် အမြတ်အစွန်းနည်းပါးကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)