Main menu

ရှေးအစဉ်အလာမပျက်သည့် နှမ်းတစ်တင်းစျေး

Powered by Drupal

   မိတ္ထီလာခရိုင်အတွင်း နှမ်းသီးနှံကို နွေ၊ မိုး၊ ဆောင်းရာသီတို့တွင် သုံးသီးလုံးစိုက်ပျိုးကြပြီး ဒေသရာသီနှင့်ကိုက်ညီသည့် မိုးနှမ်းဧက (၃၁၀၀၀၀) ကျော်စိုက်ပျိုးကြောင်း သက်ဆိုင်ရာစာရင်းများအရသိရသည်။ မိုးနှမ်းမှာ ရာသီဥတုအခြေအနေအရ မိုးကောင်းသောက်ဖြစ်၍ ယခုနှစ်၌ မိုးနည်းခြင်းကြောင့် တစ်ဧကအထွက်နှုန်းမှာ သုံးပုံတစ်ပုံခန့်လျော့နည်းသွားကြောင်း တောင်သူများထံမှသိရသည်။ မိုးနှမ်းအနေဖြင့် ဒေသတွင်းစိုက်ပျိုးမှုများသောမျိုးမှာ နှမ်းညိုဖြစ်ပြီး ၎င်းမှာ ယခင်နှစ် စတင်ပေါ်စအချိန်တွင် တစ်တင်းလျှင် (၇၀၀၀၀) ကျပ်ခန့်ရရှိခဲ့ပြီး ယခု၂၀၂၃ခုနှစ်၊ ဩဂုတ်လတွင် တစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်ရှိကာ ယခင်နှစ်ထက် စျေးကောင်းရရှိခဲ့ပါသည်။ ထိုသို့ရရှိသော်လည်း တောင်သူများ၏ ရှေးအစဉ်အလာအရ နှမ်းသီးနှံပေါ်ချိန်တွင် “နှမ်းတစ်တင်း ဆန်တစ်အိတ်” ဟုဆိုကြပါသည်။ ယခုနှစ်၏ နှမ်းစျေးမှာ နှမ်းညိုတစ်တင်းလျှင် (၉၅၀၀၀) ကျပ်ခန့်ရှိ၍ ဆန်တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်ဖြင့် ဝယ်ယူစားသုံးကြရာ ရှေးအစဉ်အလာမပျက်ဘဲ စားသုံးနိုင်ကြောင်းသိရပါသည်။

DOCA(မန္တလေး)