စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းနှင့် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပါဝင်ပြီး စားအုန်းဆီလက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမပြုလုပ်စေရေးနှင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူများဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်အထိုင်ရည်ညွန်းလက်ဈေးနှုန်းအပေါ် သယ်ယူခကုန်ကျစရိတ်များပေါင်း၍ ၂%အမြတ်ထက်မပိုသောဈေးနှုန်းဖြင့် စားသုံးသူပြည်သူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် (၂၁-၈-၂၀၂၃)ရက်နေ့တွင် မဲဘောင်ဈေး၊ ဇွဲမာန်လွင်အခွန်လွတ်ဈေးနှင့် ရေပေါ်ဈေးတို့၌လည်းကောင်း၊ (၂၂-၈-၂၀၂၃)ရက်နေ့တွင် ပါးယိုကျေးရွာ၊ တောင်ကလေးကျေးရွာနှင့် သီရိဈေး တို့၌လည်းကောင်း၊ (၂၃-၈-၂၀၂၃)ရက်နေ့တွင် ဗုဒ္ဓဟူးအခွန်လွတ်ဈေး၊ မာန်အောင်ဈေးနှင့် အမှတ်(၂)ရပ်ကွက်၌လည်းကောင်း၊ (၂၄-၈-၂၀၂၃)ရက်နေ့တွင် ဝါဆိုဦးဈေး၊ အမှတ်(၅)ရပ်ကွက် အောင်နန်းနှင့် ထီလုံကျေးရွာ၌လည်းကောင်း၊ (၂၅-၈-၂၀၂၃)ရက်နေ့တွင် စက်ပစ်ကွင်းလမ်း၊ ဝန်ထမ်းအိမ်ရာများနှင့် ကန်သာယာရပ်ကွက်များသို့သွားရောက်၍ ဈေးကားဖြင့် တစ်ရက်လျှင် ဈေးကား(၃)စီး၊ တစ်စီးလျှင် စားသုံးဆီပိဿာပေါင်း (၅၅၀)၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်းစီနှင့် (၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် စားသုံးသူပြည်သူများအားရောင်းချခဲ့ပြီး စားသုံးသူပြည်သူများက စနစ်တကျတန်းစီ၍ ဝယ်ယူအားပေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(ကရင်)