Main menu

စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

   ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၊ ကြွီတဲကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစားစီးပွားရေးလုပ်ငန်းရှင်များပေါ်ထွန်းလာရေး ဆောင်ရွက်မည့်စီမံကိန်းအရ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၅-၈-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင်ကျင်းပရာ ရခိုင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးရဲမှူးကြီး ဦးသက်လွင်က အသေးစားစက်မှုလက်မှုလုပ်ငန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား၌ ဆပ်ပြာမွေး၊ ဆပ်ပြာရည်ထုတ်လုပ်မှုနည်းပညာနှင့်ပတ်သက်၍ သင်တန်းသား/သူများအနေဖြင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (one village one product) အဖြစ် အောင်မြင်စွာသင်ကြားစေရေးနှင့် နိုင်ငံတော်အစိုးရကပံ့ပိုးပေးသော ထူးချွန်သင်တန်းသား(၅)ဦးအား သင်ထောက်ကူပစ္စည်း ကျပ်(၁၀)သိန်းတန်ပစ္စည်းများကိုရယူပြီး လုပ်ငန်းအောင်မြင်တိုးတက်စေရေး၊ ကြိုးစားဆောင်ရွက်စေရေး အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ဝါက သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးသို့ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

  ၎င်းနောက် စားသုံးသူရေးရာဦးစီးဌာနမှ စစ်တွေခရိုင်ဦးစီးမှူး၊ ဦးမောင်လှဝင်း (ဦးစီးအရာရှိ) က ဌာနဆောင်ပုဒ် (Motto) စားသုံးအခွင့်အရေးဦးစားပေးဆောင်ပုဒ်နှင့် ရည်မှန်းချက်တာဝန်တစ်ရပ်ဖြစ်သော စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရန် ရည်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်အား ချပြ ဆွေးနွေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၉)၊ စားသုံးသူအခွင့်အရေးများနှင့်ပတ်သက်၍ စားသုံးသူများ စားသုံးသူအခွင့်အရေး (Consumer Right ) များရှိခြင်းနှင့်စပ်လျဉ်း၍ ချပြဆွေးနွေးအသိပညာပေးခြင်း၊ အခန်း(၁၈)၊ ပုဒ်မ (၄၁) ပြဋ္ဌာန်းချက်အရ ကုန်စည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုဝယ်ယူစားသုံးစေရေးနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်လာပါက (CICC) Consumer Information and Complaint Center တိုင်ကြားနိုင်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် (၄၈)စင်တာဖွင့်လှစ်ထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် (CICC) စင်တာ၊ စစ်တွေခရိုင်အပါအဝင် စင်တာ(၃)နေရာရှိကြောင်းနှင့်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိလိုသည်များကို  ဆက်သွယ်မေးမြန်းနိုင်စေရေး Call Center ဖုန်းနံပါတ် (၁၅၃၅) သို့ခေါ်ယူမေးမြန်းနိုင်ခြင်းနှင့်၊ ၎င်းနေရာတွင် တိုင်ကြားနိုင်ကြောင်းတို့ကို ချပြဆွေးနွေးခဲ့ပြီး စစ်တွေခရိုင်၊ (CICC) တာဝန်ခံဖုန်းနံပါတ်သို့လည်းဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

DOCA(ရခိုင်)