ကျုံဒိုးမြို့၊ စည်ပင်သာယာဈေး၌ ဩဂုတ်လ၊ စတုတ္ထအပတ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် ၆၉၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၃၀၀ကျပ်၊ သထုံပေါ်ဆန်းဆန်တစ်ပြည်လျှင် ၃၈၀၀ကျပ်၊ သထုံပေါ်ဆန်းဆန်(ဟိုတယ်)တစ်ပြည်လျှင် ၄၈၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)တစ်ပြည်လျှင် ၃၃၀၀ကျပ်၊ ဧည့်မထဆန်(ဇီယာ)တစ်ပြည်လျှင် ၃၆၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ(ကြီး)လက်လီဈေးမှာ တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၃၅၀၀ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပါသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၇၀ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် ၄၀၀ကျပ်၊ (သေး) တစ်လုံးလျှင် ၃၅၀ကျပ်ရှိသည်။ အသားငါး ဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (ဥတုံး) တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ချောင်းငါးကြင်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိ၊ ငါးခုံးမတစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ငါးမုတ်တစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ချောင်းပုစွန်ထုပ်ကြီးတစ်ပိဿာလျှင် ၆၀၀၀၀ကျပ်၊ ချောင်းပုစွန်ထုပ်လတ်တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ဥပုစွန်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၉၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပြီး ယခုအပတ်အတွင်း ဖြစ်ပေါ်နေသောဈေးနှုန်းများကို ယခင်အပတ်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက အနည်းငယ်မြင့်တက်လာပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(ကရင်)