Main menu

“မိုးမြေပဲများစတင်ရိတ်သိမ်းလျက်ရှိ”

Powered by Drupal

      ကျောက်ဆည်ခရိုင်သည် စပါး၊ပဲ၊ပြောင်း နှင့်ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိပြီး ၊ ၎င်းသီးနှံများမှ ဆီထွက်သီးနှံတစ်မျိုးဖြစ်သော မိုးမြေပဲသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိရာ မိုးမြေပဲကို  ကျောက်ဆည်မြို့နယ်တွင်(၉၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၃၀)ဧက၊ မြစ်သားမြို့နယ်တွင် (၅၂၅)ဧက၊ စုစုပေါင်း(၆၄၈)ဧက စိုက်ပျိုးပြီးစီးကြောင်း သက်ဆိုင်ရာ ဌာန၏စာရင်းများအရ သိရှိရပါသည် ။ မိုးမြေပဲကို မတ်လ နှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့်(၁)ဧကလျှင် မြေပဲအတောင့်ဖြင့် စိုက်ပျိုးပါက (၄)တင်းခန့်ကုန်ကြကြောင်း၊ အစေ့စိုက်ပျိုး လျှင်(၁.၅)တင်းခန့်ကုန်ကြပြီး ၊ (၁)ဧကကုန်ကျ စရိတ်အနေဖြင့် မျိုး ၊ ထွန်ယက်ခ ၊ လုပ်သားခ စုစုပေါင်း (၃၅၀၀၀၀-၄၀၀၀၀၀/)ကျပ်ဝန်းကျင်ခန့် ကုန်ကြကြောင်း ၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၄၉-၅၀)တင်းခန့်ထွက်ရှိကြောင်းသိရှိရပါသည် ။ ယခုအချိန်တွင် မိုးမြေပဲများကို စတင်ရိတ်သိမ်းလျက်ရှိပြီး မြေပဲဈေးနှုန်းအနေဖြင့် မြေပဲတောင့် (၁)တင်းလျှင် (၃၀၀၀၀/)ကျပ် ၊ မြေပဲဆံ(၁)ပိဿာလျှင်(၇၀၀၀/)ကျပ် ၊ မြေပဲဆီ(၁)ပိဿာလျှင် (၁၅၅၀၀/)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည် ။ မိုးမြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသည့်အပြင် ပြည်တွင်းစားသုံးဆီဖူလုံရုံသာမက မြေပဲပင်မှထွက်ရှိသော မြေပဲရိုးနှင့်မြေပဲမှော်များမှာလည်း ကျွဲ၊နွားများအတွက် အစားအစာအဖြစ် အသုံးပြုရသောကြောင့် တွက်ချေကိုက်သည့် သီးနှံဖြစ်၍ တောင်သူများအနေဖြင့် မြေပဲသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း‌ ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)