Main menu

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆောင်ရွက်မှုအခြေအနေ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြုလုပ်ပေးလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း        “Khit Oo” ခေတ်ဦးသောက်ရေသန့်၊ “အေးကျော်”အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်း၊ ”လာက်ပြည့်လျှံ”အမှတ်တံဆိပ်စားသောက်ကုန်လုပ်ငန်း၊ “မေမေကြီး”မြန်မာ့ငါးပိထောင်းလုပ်ငန်း နှင့်  “KLT” ဇီဝကမ္မထိန်းညှိဆေးလုပ်ငန်းတို့ဖြစ်သည်။

      မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း လျောက် ထားတင်ပြမှုအပေါ် စိစစ်ဆောင်ရွက်ပေးနိုင်မှုမှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၉၀)ခု၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၆)ခု၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် (၆)ခု ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် (၃)ခု ၊ ၂၀၂၃-၂၀၂၄  ဘဏ္ဍာနှစ်တွင် ဩဂုတ်လအထိ(၅)ခု၊ စုစုပေါင်းအရေအတွက်(၁၂၀)ခု ပြုလုပ်ထားပြီးဖြစ်ပါသည်။ ထိုသို့  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်မှာ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများဖြစ်ကြောင်းနှင့် မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ကို တိကျလိုက်နာခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စီးပွားရေးကျင့်ဝတ်များလိုက်နာ ဆောင်ရွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)