Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် ဒုတိယအကြိမ်မြောက် ဝန်ထမ်းသက်သာအခြေခံစားကုန်ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၂၅-၈-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲနှင့် ဒုတိယအကြိမ်မြောက် ဝန်ထမ်းသက်သာအခြေခံစားသောက်ကုန်ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အရာထမ်းများ၊ အမှုထမ်းများ၊ စုစုပေါင်း (၄၃) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါ အခမ်းအနား၌ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများက  Zoom Meeting ဖြင့် တက်ရောက်၍ တင်ပြခဲ့ကြကာ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ သက်ဆိုင်ရာဌာနခွဲများရှိ ဝန်ထမ်းများကလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။ “လုပ်ငန်းခွင်ပျော်၍ လုပ်ငန်းတော်စေရန်” ရည်ရွယ်ချက်ဖြင့် ကျန်းမာကြံ့ခိုင်စေရေးနှင့် ရုံးမြေလွတ်များတွင် ရာသီသီးနှံနှင့် စားဖိုဆောင်သီးနှံများစိုက်ပျိုးရေးဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍  တိုင်းဒေသကြီးဦးစီးမှူးက တိုင်း/ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများ၊ လုပ်ငန်းခွင်ပျော်ရွှင်စေရန်နှင့် မိမိဝန်ထမ်းများအား အထောက်အပံ့ဖြစ်စေရန် (၃)လလျှင် တစ်ကြိမ် အခြေခံစားသောက်ကုန်များထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးလျှင် (၁၆၅၀၀)ကျပ်တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို ဝန်ထမ်းတစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)