စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (တစ်အိတ်)လျှင် ၁၂၅၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(တစ်အိတ်)လျှင် ၁၃၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (တစ်အိတ်)လျှင် ၁၂၀၀၀၀ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် (၁၄၀၀၀-၁၄၅၀၀) ကျပ်၊ နှမ်းဆီ (တစ်ပိဿာ) လျှင် ၁၃၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၃၅၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ) လျှင် ၇၉၅၀ကျပ်မှ ၈၀၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) လျှင် ၁၈၀၀၀ကျပ်မှ ၁၉၀၀၀ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ)လျှင် ၃၄၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ)လျှင် ၈၀၀၀ကျပ်မှ ၈၅၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ)လျှင် ၉၀၀၀ကျပ်မှ ၉၅၀၀ကျပ်၊ အာလူး (တစ်ပိဿာ) လျှင် ၂၅၀၀ကျပ်မှ ၂၆၀၀ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀ကျပ်မှ ၄၀၀၀ကျပ်၊ နနွင်းတက် (တစ်ပိဿာ) လျှင် ၅၈၀၀ကျပ်မှ ၆၀၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ)လျှင် ၂၈၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)လျှင် ၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း)လျှင် ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀ကျပ်မှ ၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀ကျပ်မှ ၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ကျပ်၊ ဘဲဥ (၁)လုံး လျှင် ၄၀၀ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဖရဲသီး (၂၁၁) (၁)လုံးလျှင် ၄၀၀၀ကျပ်အတွင်း အသီသီးဈေးရှိကြောင်းသိရပါသည်။
ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ (ရှမ်းစနှင့် ကြူကုတ်)နှင့် ခရမ်းချဉ်သီးဈေးနှုန်းများအနည်းငယ်မြင့်တက်နေပါကြောင်း၊ ဈေးနှုန်း မြင့်တက်ရခြင်းမှာ ကြက်သွန်နီလက်ကျန်များနည်းပါးလာပြီး ကြက်သွန်ဖြူ(ရှမ်းစ)၊ (ကြူကုတ်)နှင့် ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ကြက်သွန်ဖြူ(ရှမ်းစ)၊ (ကြူကုတ်) ဒေသတွင်းစိုက်ပျိုးထုတ်လုပ်မှုမရှိဘဲ ရှမ်း(တောင်)မှ ဝယ်ယူရောင်းချရ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်ရသော်လည်း ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကားရောင်းချနေသော ကုန်သည်များထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)