
မကွေးမြို့ပေါ်ရှိဈေးများသို့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်းသီး၊ ဂျင်းတက်၊ နနွင်းတက်၊ ငရုတ်သီးခြောက်၊ ကြက်သွန်ဖြူများကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ်၊ အောင်ပန်းမြို့ တို့မှ ဝင်ရောက်လျက်ရှိပြီး သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးနှင့် ကြက်သွန်နီများကို မင်းဘူး(စကု) မြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နှင့် ဆိပ်ဖြူမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း မကွေးမြို့ပေါ်ရှိ ပွဲရုံများထံမှ သိရှိရပါသည်။
၂၀၂၃ခုနှစ်၊ ဩဂုတ်လ(စတုတ္ထ)ပတ်အတွင်း မကွေးမြို့ပေါ်စျေးများ၌ ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ပန်းဂေါ်ဖီပွင့် (၁)ပွင့်လျှင် ကျပ်(၂၀၀၀)၊ ဂေါ်ဖီထုတ် (၁)ထုတ်လျှင် ကျပ်(၁၈၀၀)၊ ခရမ်းချဉ်းသီး (၁) ပိဿာလျှင် ကျပ်(၂၅၀၀မှ ၂၈၀၀)အတွင်း၊ ကန်ဇွန်းရွက်(၁)စည်းလျှင် ကျပ်(၂၀၀) ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ နနွင်းတက်(၁) ပိဿာ လျှင် ကျပ်(၆၀၀၀)၊ သံပုရာသီး(၁)လုံးလျှင် ကျပ်(၃၀၀)၊ ရှောက်သီး (၁)လုံးလျှင် ကျပ်(၅၀၀)၊ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၈၅၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက် (အရှည်) (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ငရုတ်သီးခြောက်အပု (၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ် (၂၈၀၀မှ ၃၂၀၀)အတွင်း၊ မန်ကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၅၅၀၀)၊ (CP)ကြက်သား (၁)ပိဿာလျှင်ကျပ်(၁၄၀၀၀)၊ ဗမာကြက်သား (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သား (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ ငါးမြစ်ချင်း (အလတ်)(၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၅၀ မှ ၂၈၀)နှင့် ဘဲဥ (၁)လုံးလျှင် ကျပ်(၃၅၀)အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)